Forever Tralvel Logo
Language

Like Us : contact-info-fb-icon|Hotline : contact-info-ph-icon  +95 997 5109347, +95 996 5109347, +95 9 254200767

TOUR PACKAGES

Outbound Tours

ဥရောပ(၆)နိုင်ငံခရီးစဉ်

Book Now
Forever Myanmar Travel and Tour
Tour Code: FTT-OBT170007EU

Coverage: အီတလီ - ဆွစ်ဇာလန် - ဂျာမဏီ - နယ်သာလန် - ဘယ်လ်ဂျီယမ် - ပြင်သစ်

Tour Durations: ၁၅ညအိပ်/ ၁၆ရက်

Arrival/Departure : ဥရောပ / ရန်ကုန်


DAY 00:ရန်ကုန် (-/-/-)

ည (23 00) နာရီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အသစ် (Terminal-1) တွင် Forever Travel မှ အဖွဲ့ခေါင်းဆောင်နှင့် တွေ့ဆုံပြီးနောက် Emirates Airlines သို့ check-in ၀င်ရောက်ပါမည်။


Services Included

  • လေယာဉ်လက်မှတ် အသွားအပြန် (Economy Class)
  • ပြည်တွင်း လေယာဉ်လက်မှတ်ခ (မြူးနစ် – အမ်စတာဒမ်)
  • ကြယ်လေးပွင့်အဆင့်ဟိုတယ် တွင်တည်းခိုခ (နှစ်ယောက်တစ်ခန်းနှုန်း)
  • ပြည်ဝင်ခွင့်ဗီဇာကြေးနှင့် ၀န်ဆောင်မှု
  • ခရီးစဉ်တစ်လျှောက် အသက်အာမခံကြေး
  • ခရီးစဉ်တွင်ဖော်ပြပါ ၀င်ကြေးများအားလုံး
  • ခရီးစဉ်တစ်လျှောက် Air-Con Bus အကြိုအပို့
  • ခရီးစဉ်တွင်ဖော်ပြပါနံနက်စာ၊ နေ့လည်စာနှင့် ညစာ
  • English စကားပြောဧည့်လမ်းညွှန် ၀န်ဆောင်မှု
  • Forever Travel မှ အဖွဲ့ခေါင်းဆောင်ဦးဆောင်မှု
  • နေ့စဉ်အတွက် သောက်ရေသန့်(500 ml) တစ်ရက် တစ်ဘူးနှုန်း။
  • Driver & Guide Tipping

Services Excluded

  • ဟိုတယ်တွင် အပိုသုံးစွဲသောရေသန့်၊ အအေးနှင့် အဖျော်ယမကာ။
  • စားသောက်ဆိုင်များတွင် အပိုမှာယူသုံးစွဲသောအအေးနှင့် အဖျော်ယမကာ။
  • Early check in & Late check out
  • ခရီးစဉ်တွင်မပါ၀င်သော နေရာများအားသွားရောက်လည်ပတ်ခြင်း
  • လေယာဉ်တွင် ကီလိုအပိုသယ်ဆောင်ခ


Terms & Conditions

  • ခရီးစဉ်လိုက်ပါရန် သဘောတူညီပြီးဖြစ်ပါက နာမည်စာရင်းပေးသွင်းချိန်တွင် တဦးလျှင် ဒေါ်လာ(၅၀၀) ပေးသွင်းရပါမည်။ (အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ် မလိုက်ပါဖြစ်ပါက ၄င်းဒေါ်လာ(၅၀၀) အားဆုံးရှုံးမည် ဖြစ်ပါသည်။)
  • ခရီးစဉ် မထွက်ခွာမှီ တစ်လအလိုတွင် ခရီးစဉ် တန်ဖိုး၏ (၅၀ %)အားပေးချေရပါမည်။
  • Visa ရရှိပြီးလျှင်(သို့) ခရီးစဉ်မထွက်ခွာမှီ နှစ်ပတ်အလိုတွင် ခရီးစဉ်ကျန်ငွေအားလုံးကို ပေးချေရပါမည်။
  • Visa မလိုသောနိုင်ငံများအတွက် ခရီးစဉ်မထွက်ခွာမှီ နှစ်ပတ်အလိုတွင် ကျန်ငွေအားလုံးကိုပေးချေရပါမည်။
  • အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်တွင်မလိုက်ပါဖြစ်ပါက နှစ်ပတ်မတိုင်မှီတွင်စရံငွေဆုံးရှံုးမည်ဖြစ်ပြီး နှစ်ပတ်အတွင်းဖြစ်လျှင် ခရီးစဉ်တစ်ခုလုံးကုန်ကျစရိတ်အား cancellation charges အဖြစ်ကောက်ခံမည်ဖြစ်သည်။

ရှန်ဂန်ဗီဇာလျှောက်ရန် လိုအပ်ချက်များ

  • နိုင်ငံကူးလက်မှတ် Passport မူရင်း (Passport သက်တမ်း(၆)လ နှင့် အထက်ကျန်ရှိရမည်။)
  • (3)လအတွင်းကရိုက်ထားသော ကြည်လင်ပြတ်သားသည့်ဓါတ်ပုံ (၂) ပုံ (1.5 x 2 လက်မပတ်လည် နှင့်နောက်ခံအဖြူဖြစ်ရမည်။)
  • နိုင်ငံသား စီစစ်ရေးကဒ်ပြား(သို့) မှတ်ပုံတင် မူရင်း/မိတ္တူ နှင့် နိုတြီပြန်ဖြစ်ရမည်။
  • သန်းခေါင်စာရင်း(သို့)အိမ်ထောင်စုစာရင်း မူရင်း/ မိတ္တူ နှင့် နိုတြီပြန်ဖြစ်ရမည်။ (ဇနီးမောင်နှံများ သန်းခေါင်စာရင်း မတူလျှင် လက်ထပ်စာချုပ် မူရင်း/မိတ္တူနှင့် နိုတြီ ပါပူးတွဲတင်ပြရပါမည်။)
  • ဘဏ်စာအုပ်မူရင်း အနည်းဆုံးသိန်း(100) နှင့်အထက်ရှိရမည်။ (Transition ကောင်းရမည်၊ ဘဏ်စာအုပ်သည် မြန်မာ့စီးပွားရေးဘဏ်ကဲ့သို့ မြန်မာဘာသာဖြင့်ဖြစ်နေပါက အင်္ဂလိပ်ဘာသာသို့ နိုတြီပြန်ပေးရပါမည်။ Current Bank Account ဖြစ်ပါက Bank Statement (၆)လစာ ထုတ်ပေးရပါမည်။)
  • ဘဏ်တံဆိပ်တုံး နှင့် Bank Statement မူရင်းပူးတွဲတင်ပြရမည်။ မန်နေဂျာလက်မှတ်ပါသော Balance Certificate ဖြစ်ရမည်။
  • ခြံ/မြေ/တိုက်/အိမ်/ကားစာအုပ် မူရင်းနှင့် နိုတြီဘာသာပြန်ဖြစ်ရမည်။ (မိမိပိုင်ဆိုင်မှုများများပြနိုင်ပါက ပိုပြီးအဆင်ပြေနိုင်ပါသည်။)
  • မိမိပိုင်ဆိုင်မှု မပြနိုင်ပါက မိသားစုဝင်တစ်ဦးဦးမှ အသုံးပြုခွင့်ပေးပါကြောင်းစာပါရှိရပါမည်။ (လုပ်ငန်းလိုင်စင်မူရင်း သက်တမ်းရှိ၊ အခွန်ပြေစာ၊ ကုမ္ပဏီလုပ်ငန်းလိုင်စင်၊ Form 6, 26 တင်ပြရမည်။ အမည်ပေါက် (သို့) သန်းခေါင်စာရင်းထဲတွင်ပါသောသူ၏ အမည်ပေါက်ဖြစ်ရမည်။)
  • Company ၀န်ထမ်းဖြစ်ပါက Company Letter Head နှင့် Company မှဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာမူရင်း နှင့် ၀န်ထမ်းကဒ်မူရင်း၊ မိတ္တူ နှင့် နိုတြီ
  • ကျောင်းသားဖြစ်ပါက ကျောင်းသားကဒ် မူရင်းနှင့် နိုတြီမူရင်း (ကျောင်းသားကဒ်မရှိပါက ကျောင်းထောက်ခံစာ မူရင်းနှင့် နိုတြီမူရင်း)
  • ကြာမြင့်ချိန် (5) ရက်

မှတ်ချက်-ခရီးသွားမည့်သူ၏ နာမည်စာလုံးပေါင်းမှာ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ Passport၊ ဘဏ်စာအုပ်နှင့် လုပ်ငန်းလိုင်စင် တို့တွင် အားလုံးတူညီရပါမည်။
    -ခရီးသွားမည့်သူ၏ မှတ်ပုံတင်၊ သန်ခေါင်စာရင်းနှင့် Passport ထဲရှိ မွေးသက္ကရာဇ်အားလုံးတူရမည်။
    -လက်ဗွေနှင့်ဓါတ်ပုံရိုက်ခံရန်အတွက် သံရုံးသို့ ခရီးလိုက်ပါမည့်သူ ကိုယ်တိုင်လာရောက်ရပါမည်။